MJC

ole777

Study in Japan Academic Seminar

Study in Japan Academic Seminar

မြန်မာ-ဂျပန်စင်တာ(MJC) နှင့် Okayama University Japan Educational Information Center (OJEIC) တို့ ပူးပေါင်း၍ ဂျပန်နိုင်ငံတွင် ပညာသင်ကြားခြင်းနှင့် ပတ်သက်သည့် ဟောပြောပွဲ (Study in Japan Academic Seminar) ကို စက်တင်ဘာ (၂၁) ရက်နေ့ စနေနေ့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။
ဤဟောပြောပွဲတွင် မြန်မာနိုင်ငံပုဂ္ဂလိကကဏ္ဍရှိလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သော Long-term Career Development program အကြောင်းအား ရှင်းလင်းဟောပြောသွားမည်ဖြစ်ပြီး၊ ထို ပညာသင်ဆုလျှောက်ထားခြင်းကို Myanmar-Japan Center တွင် စက်တင်ဘာလ ၂၀၂၄ ခုနှစ် မှစ၍ စတင်လက်ခံသွားမည်ဖြစ်သည်။
ထို့အပြင် OJEIC မှလည်း ဂျပန်နိုင်ငံတွင် ပညာသင်ကြားရန် ကျောင်းနှင့်တက္ကသိုလ်များကို မည်သို့ရှာဖွေလျှောက်ထားရမည်ကို ပြောကြားပေးသွားမည်ဖြစ်ပါသည်။
၎င်းအစီအစဉ်များအပြင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အတွက် အကျိုးရှိစေမည့် ၁နာရီကြာပို့ချချက် တခုကိုလည်း “EFFECTUATION: A RECENT APPROACH TO VENTURING A NEW BUSINESS.” ခေါင်းစဉ်ဖြင့် ဂျပန်နိုင်ငံ Okayama တက္ကသိုလ်မှ Professor Daiji Fujii မှ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။ Effectuation သဘောတရားမှာ Professor Saras Sarasvathy (University of Virginia Business School, 2008) မှ စတင်မိတ်ဆက်ခဲ့သော သီအိုရီတခုဖြစ်ပြီး အောင်မြင်သော စွန့်ဦးတီထွင်လုပ်ငန်းရှင်များတွင် တွေ့ရတတ်သည့် တမူထူးခြားသောတွေးခေါ်မှုပုံစံများနှင့် အမူအကျင့်များကို စနစ်တကျဖြစ်စေသည့် decision-making သီအိုရီဖြစ်ပါသည်။ ဤပို့ချချက်မှတဆင့် လုပ်ငန်းရှင်များအနေဖြင့် အနာဂတ်တွင်မသေချာမရေရာမှုများရှိသည့်တိုင် ရရှိနိုင်သောအရင်းအမြစ်များနှင့် နည်းလမ်းများကို အသုံးပြု၍ ရလဒ်ကောင်းများဖန်တီးပြီး လုပ်ငန်းအသစ်များကိုမည်သို့တိုးတက်အောင်လုပ်နိုင်မည်ဆိုသည့် အကြောင်းအရာများကို သိမြင်လာနိုင်မည်ဖြစ်ပါသည်။
အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး အောက်ပါ OJEIC ၏ Facebook page တွင်လည်းလေ့လာနိုင်ပါသည်။
https://www.facebook.com/StudyinJapanOfficeYangon/
တက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ link မှတဆင့် စာရင်းပေးသွင်း၍ တက်ရောက်နိုင်ပါသည်။
Date and Time: Saturday, September 21, 2024, from 14:00 to 16:00
Venue: PARK ROYAL HOTEL, YANGON
Address: 33 Alan Pya Phaya Road, Yangon 11191
Admission: Free
Language: Myanmar/Japanese
Registration: Please register using the following Google form.
https://forms.gle/kUYMkoimu5EGuc2F7
English Content Below:
Myanmar-Japan Center (MJC) and OJEIC are jointly organizing the Study in Japan Academic Seminar, which will take place on Saturday, September 21.
OJEIC
This seminar will feature an information session on the Long-term Career Development Program for the Myanmar Private Sector (JFY2025), which is scheduled to begin accepting applications at MJC in September 2024. Additionally, OJEIC will host a session on how to find graduate schools in Japan.
We are also pleased to announce that Professor Daiji Fujii from Okayama University will deliver a one-hour lecture on “EFFECTUATION: A RECENT APPROACH TO VENTURING A NEW BUSINESS.” Effectuation is a decision-making theory that systematizes the unique thought processes and behavior patterns observed in successful entrepreneurs. It was introduced by Professor Saras Sarasvathy of the University of Virginia Business School in 2008. The lecture will explore how to advance new businesses by creating outcomes using available resources and means, even when the future is uncertain. If you are interested in attending this seminar, please register and join us using the link below.
Date and Time: Saturday, September 21, 2024, from 14:00 to 16:00
Venue: PARK ROYAL HOTEL, YANGON
Address: 33 Alan Pya Phaya Road, Yangon 11191
Admission: Free
Language: Myanmar/Japanese
Registration: Please register using the following Google form.
https://forms.gle/kUYMkoimu5EGuc2F7
#Study_fair_in_Japan
#Seminar
#Scholarship2024
#FYI